Facebook Page Tab

How to create Facebook Page Tab?

ဒီခေါင်းစဉ်ကတော့ သင့်ရဲ့ facebook page မှာ သင့် website content တွေကို ဘယ်လိုဖော်ပြပြီးတော့ ဘယ်လိုချိတ်ရမလဲဆိုတာကို ပြောပြပေးထားတာ ဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို "Facebook Page Tab" လို့ခေါ်ပါတယ်။

website ပေါ်မှာ ကုန်ပစ္စည်းအကြောင်းတွေ ကိုသာမက ၀န်ဆောင်မှုတွေကိုပါ ဖော်ပြထားလို့ရနိုင်ပါတယ်။ ယခုလက်ရှိမှာတော့ သင့်ရဲ့ကုန်ပစ္စည်း၊ ၀န်ဆောင်မှုတွေ သို့မဟုတ် သင့်ရဲ့စီးပွားရေးလုပ်ငန်းတွေကို ကြေငြာရန်နှင့် လူသိများလာစေရန် သတင်းမီဒီယာတွေနဲ့ လူမှုကွန်ယက်တွေဟာအရေးကြီးတဲ့ ကဏ္ဍအနေနဲ့ ပါဝင်လာပါတယ်။ 

1."Social Buttons" 
ပထမဆုံး "Social Buttons" ကဘာလဲဆိုတာ ကြည့်ကြရအောင်။

သင့်ရဲ့ website ကို ၀င်ရောက်ကြည့်ရှုတဲ့သူတိုင်းက website ထဲက ကုန်ပစ္စည်းနဲ့ ၀န်ဆောင်တွေကို "Social Network" ပေါ်သို့ "Like", "Share", "Tweet" စသည်တို့ကိုနှိပ်ပြီး သူတို့ရဲ့သူငယ်ချင်းတွေကို မျှဝေပေးနိုင်ပါတယ်။

Website ပြုလုပ်သူတွေအနေနဲ့ website မှာ "Social Network Button" ကို အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။

2. "Facebook Page Tab Function"
ဒုတိယအချက်ကတော့ Social Networks ပေါ်က setting တစ်ခုဖြစ်တဲ့ "Facebook Page Tab Function" အကြောင်းဖြစ်ပါတယ်။ ဒီလုပ်ဆောင် ချက်ကတော့ VelaEasy Shop XL Package မှာပြုလုပ်လို့ရတဲ့ လုပ်ဆောင်ချက်အသစ် ဖြစ်ပါတယ်။ သင်ရဲ့ကုန်ပစ္စည်းတွေအကြောင်းကို   Facebook Page မှာ အလွယ်တကူ ဖော်ပြနိုင်ပါတယ်။ အောက်ပါအတိုင်း   အဆင့်ဆင့်လုပ်ဆောင် ကြည့်ပါ။ 

1. Facebook Page Tab ကို Enable လုပ်ပြီး Facebook URL သို့ ID ကိုထည့်ပါ။

 

 2. Facebook Page တွင် ဖော်ပြလိုသည့်  website page အား ရွေးချယ်ပါ။

 

3. Facebook Page Tab Icon ကိုအောက်ပါအတိုင်း တွေ့ရပါလိမ့်မည်။ ထို icon ကိုနှိပ်လိုက်သည့်အခါ မိမိရွေးချယ်ထားခဲ့သော     website page ကိုတွေ့ရပါလိမ့်မယ်။

   
"Facebook Tag icon" ထည့်ထားခြင်းအားဖြင့် သင့်ရဲ့ကုန်ပစ္စည်းတွေကို Online ပေါ်မှာတင် အရောင်းအ၀ယ် ပြုလုပ်၍ရနိုင်ပါတယ်။    ဘာကြောင့်လဲဆိုရင် "Order button" ပါတဲ့အတွက် ၀ယ်ယူသူတွေဟာ Facebook Page ကနေအဲဒီ order button ကိုနှိပ်ပြီး  တိုက်ရိုက်မှာယူနိုင်တာကြောင့် ဖြစ်ပါတယ်။
 
 

"Social Network" ပေါ်မှာ menu ဘယ်လိုပြုလုပ်ရသလဲဆိုတာကို <here> ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ အလွန်လွယ်ကူတဲ့   လုပ်ဆောင်ချက်ဖြစ်တာကြောင့် သင်ရဲ့ VelaEasy package က Shop XL ဖြစ်မယ်ဆိုရင်တော့ ဒီလုပ်ဆောင်ချက်ကို ကျော်မသွားသင့်ပါဘူး။

 နောက်တစ်ခုအနေနဲ့ "Facebook Business Page" တစ်ခု ဘယ်လိုပြုလုပ်ရသလဲဆိုတာကိုတော့ Facebook Business Page ကိုနှိပ်ပြီး  လေ့လာနိုင်ပါတယ်။

 

Visitors: 16,079